Junglee (2019)


Junglee (2019)

ဖိုက်တင်အက်ရှင်တွေမှာ လန်းတဲ့ ကွန်မန်ဒို၁,၂တို့ရဲ့မင်းသား Vidyut ကို ပရိသတ်များ ရင်းနှီးပြီးသားဖြစ်မှာပါ။

ကဲ အညွန်းလေး စလိုက်ရအောင်ပါ။

ရာ့ခ်ျဟာ တိရစ္ဆာန်ဆရာဝန်တစ်ယောက်ပါ။တိရစ္ဆာန်တွေအကြောင်းကို ကောင်းကောင်းသိပြီးတိရစ္ဆာန်တွေကို ချစ်မြတ်နိုးသူပေါ့။

တနေ့မှာ ဖခင်ဆီက ဖုန်းဝင်ခဲ့ပါတယ်။

မကိုင်တဲ့ကြားက ဆင်စခန်းကို ပွဲတော်အမီပြန်ခဲ့ဖို့ ဖခင်ဖက်မှ အသံသတင်းစကားလေး ပို့ထားခဲ့တယ်။

အဲ့ဒီမှာ ဖခင်ကို သူစိတ်နာကြောင်း စပြီးမြင်လိုက်ရပါတယ်။

ဖခင်နဲ့သူ့ကြား ဘယ်အကြောင်းတွေများ ရှိနေခဲ့တာလဲ။

ဖခင်ရှိတဲ့ မွေးရပ်မြေ ချန်ဒရီကာ ဆင်စခန်းကိုသူသွားသင့်ကြောင်းဆုံးဖြတ်ပြီး လိုက်သွားရာမှာနယ်မြို့ကျဉ်းလေး ကားဂိတ်တစ်ဝန်းမှာ မုဆိုးတွေနဲ့ အတူ မျက်နှာဖြူတစ်ချို့သေနတ်တွေနဲ့ မြင်ရမှာပါ။

မုဆိုးတွေဟာ နိုင်ငံခြားသားတွေနဲ့ ပေါင်းပြီးမှောင်ခိုလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေကြပါတယ်။ဟုတ်ပါတယ်။

ဆင်စွယ်တွေ ရောင်းဝယ်ဖောက်ကားခြင်းပါ။

ဒီအဖွဲ့ဟာ ချန်ဒရီကာ ဆင်စခန်းမှဆင်တစ်ကောင်ရဲ့ အစွယ်ကို ပြစ်မှတ်ထား လိုက်ရာမှာတော့….မင်းသားဟာ ဒုစရိုက်သမားတွေဆီကဆင်လေးကို ဘယ်လိုကယ်တင်မလဲဆိုတာကိုအက်ရှင်ကောင်းတွေနဲ့အတူကိုယ်တိုင် ခံစားကြည့်ရှုကြပါဦးဗျာ။

Channel Myanmar

Comments

Popular Posts