Skip to main content

Posts

Featured

Take My Brother Away (2018)

Take My Brother Away (2018) (အကိုတစ်ယောက် ရောင်းရန်ရှိသည်) -ကလေးဘဝကတည်းက ကြောင်နဲ့ကြွက်လို လုံးဝမတည့်တဲ့ ရှီးဖန်းနဲ့ရှီးမြောင်တို့ မောင်နှမ -အမြဲတမ်း ညီမကို စနောက်နေတဲ့ အနိုင်ကျင့်တတ်တဲ့အကိုဖြစ်သူရှီးဖန်း -အကိုဖြစ်သူရဲ့စနောက်မှု အနိုင်ကျင့်မှုကို လုံးဝမခံပဲ ပြန်ကလဲ့စားချေတတ်တဲ့ ညီမဖြစ်သူ ရှီးမြောင် -မိခင်မရှိတော့တဲ့နောက် ဖခင်တစ်ယောက်ထဲရဲ့ ထိန်းသိမ်းမှုအောက်ကသူတို့နှစ်ယောက် -ဒီလို မောင်နှမနှစ်ယောက်ဟာ အရေးကြီးတဲ့အချိန်မှာရော သွေးစည်းကြပါ့မလား -အမြဲတမ်းအနိုင်ကျင့်ရန်ဖြစ်နေပေမယ့် ညီမဖြစ်သူတကယ်ဒုက္ခကြုံလာရတဲ့အခါ အကိုဖြစ်သူရှီးဖန်းက သူ့ညီမလေးအပေါ် ဘယ်လိုတွေကာကွယ်ပေးသွားမလဲ ဆိုတာတွေကို ဟာသမြောက်အောင်ရိုက်ကူးထားတဲ့အတွက် ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ် (လူငယ်စာရေးဆရာမ You Ling ရဲ့ Take My Brother Away ဆိုတဲ့ Manga လေးကို ပြန်လည်အသက်သွင်းပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။) အရမ်းရယ်ရပြီး သိပ်ကိုကောင်းတဲ့ကားလေးမို့ အားလုံးကြိုက်ကြမယ်ထင်ပါတယ်နော်.. Review Credit - Ice Chinese Series

Latest posts

Shed Of The Dead (2019) English Subtitle

J.T.Leroy (2018)

Furie (2019)

Junglee (2019)