J.T.Leroy (2018)

J.T. LeRoy (2018)

ဒီတစ်ခါဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ကားလေးပါ။

လော်ရာဆိုတဲ့အမျိုးသမီးတစ်ယောက်က “ဆာရတ်ခ်ျ” ဆိုတဲ့ဖြစ်ရပ်မှန်ဝတ္ထုကို “JT လရွိုင်း” ဆိုတဲ့ယောက်ျားလေးနာမည်သုံးပြီးရေးခဲ့ပါတယ်။

အဲ့ဝတ္ထုကရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။

သူက JT အနေနဲ့ပဲ ဖုန်းတွေလက်ခံပြောနေခဲ့ပေမဲ့ လူလုံးတော့ထွက်မပြခဲ့ပါဘူး။

တစ်နေ့ သူ့ကောင်လေးရဲ့ညီမ ဆာဗတ်နားက သူတို့မြို့ကိုပြောင်းလာပါတယ်။

သူကဘဲပြားလိုလို ဘာလိုလိုပေါ့။

သူ့ကိုလဲမြင်ရော လော်ရာက JT နေရာမှာသရုပ်ဆောင်ခိုင်းဖို့ အကြံရသွားပါတော့တယ်။

သူ့အကြံကရော အောင်မြင်မှာလား။

သူတို့တွေ တကယ်မရှိတဲ့ JT ဇာတ်ကောင်နဲ့ လူတွေကိုအရူးလုပ်နိုင်မလားဆိုတာတွေကိုတော့ “JT LeRoy” ဆိုတဲ့ကားလေးထဲမှာ ရှုစားကြည့်ကြပါ

Channel Myanmar

Comments

Popular Posts